"အတိတ်ဆိုတာ"
မမေ့နိုင်သူတွေအတွက်တော့
ဝေဒနာတွေစုပုံထားတဲ့
ပြတိုက်တခုပါ...
"ကောင်မလေးရေ"
ရင်ခုန်သံတွေ ကစဉ်ကလျားနဲ့
မင်းငါ့ရင်ထဲကို ဝင်လာခဲ့တယ်
အိပ်စက်နေတဲ့ နှလုံးသားတွေ
မင်းရှေ့ မှာ ဒူးထောက်ခစားနေကြတယ်
မင်းဟာ ငါ့ရဲ့ နွေနတ်သမီးလေးပါ
အိပ်မက်ချိုချိုတွေနဲ့
ငါ့ရဲ့ ညတွေမှာ
မင်း စိုးမိုးထားတယ်
ငါလည်း "အိုမာခယမ်"လောက်တော့
လောဘမကြီးပါဘူး
ဝိုင်တစ်ခွက် ပေါင်မုန့်တစ်ချက်မရှိရင်နေ
ငါ့ဘေးနားမှာ မင်းရှိနေလို့
အိပ်မက်ဖြစ်သွားခဲ့ရင်တောင်
ငါကျေနပ်မဲ့ သူပါ
No comments:
Post a Comment